ဒီအနိုင်ယူနည်းကတော့ ကုသိုလ်ဖြစ်မည့် အနိုင်ယူနည်း၊ နိဗ္ဗာန်ရောက်မယ့် အနိုင်ယူနည်းတွေပါပဲ။ အဲဒီအနိုင်ယူနည်းက လေးမျိုးရှိပါတယ်။ ၁။အမျက်ဒေါသထွက်နေသူကို အကျင့်ကောင်းကျင့်ပြပြီး အနိုင်ယူရမယ်။ ၂။အကျင့်ယုတ်တဲ့ ပုဂ္ဂိုလ်ကို အကျင့်ကောင်းကျင့်ပြပြီး အနိုင်ယူရမယ်။ ၃။နှမြောကပ်စေးနှဲတဲ့သူကို ပေးကမ်းစွန့်ကြဲပြီးတော့ အနိုင်ယူရမယ်။ ၄။လိမ်ညာပြောတဲ့သူကို အမှန်တွေပြောပြီး အနိုင်ယူရမယ်။ (ဗုဒ္ဓ) - အနတ္တပု စ္ဆက ဗြဟ္မဏက အကျိုးမရှိကြောင်း တရားကို ဟောကြားရန် တောင်းဆိုသဖြင့် မြတ်စွာဘုရားရှင်က အကျိုးမရှိကြောင်း တရား (၆) ပါးကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့လေ၏။ ၁ - အိပ်ရာက နေမြင့်မှ ထခြင်း ၂ - ပျင်းရိဖင့်နှေးခြင်း ၃ - ရက်စက်ကြမ်းကြုတ်ခြင်း ၄ - သောက်စားမူးရစ်နေခြင်း ၅ - တစ်ယောက်တည်း ခရီးသွားခြင်း ၆ - သူ့ သားမယားအိမ် ဝင်ထွက်သွားလာ၊ သူ့ သားမယားနှင့် ဆက်ဆံခြင်း
Tuesday, May 7, 2013
နိဗ္ဗာန်ရောက်မယ့်အနိုင်ယူနည်း (၄)မျိုး
Labels:
ဓမ္မရေစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment