စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မင်းခေါင် အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် (ဖုန်း-072 22320)

Thursday, May 9, 2013

စိန်ခြယ်ဖြာရောင်လင်း

   ဒီသီချင်းကိုရေးစပ်တဲ့ စာဆိုက ကိစ္စတစ်ခုမှာ အရှုံးတစ်ခုပေါ်ပြီး စိတ်ညစ်ညစ်နဲ့ လယ်ကန်သင်းရိုးပေါ်မှာပက်လက်လှန် အိပ်သတဲ့။ အဲ့ဒီအချိန်က ညနေချိန် ကောင်းကင်ပြင်ပေါ်မှာ တိမ်ဆိုင်တိမ်လိပ်တွေ နေရောင်ဟပ်ပြီးအရမ်းလှပနေတော့ စာဆိုရဲ့ဘဝင်ကို ထိခိုက်သွားတယ်ထင်ပါ့။ ဒီသီချင်းလေး လက်တန်းစပ်ဆို ထွက်ပေါ်လာတယ်။ စိတ်ညစ်ညစ်နဲ့ တိမ်တွေ နဲ့ ရန်ဖြစ်တယ်ဆိုလဲ မမှားဘူးပေါ့ဗျာ။ ဆိုဟန်လေးပေါင်းစုံနားထောင်ရအောင် မူဟန်သွယ်သွယ်လေးတင်ပေးလိုက်ပါတယ်။


တေးရေးသူ – ရာပြတ်ဦး မောင်ကလေး
တေးဆိုသူ  -  မူဟန်သွယ်သွယ်
စိန်ခြယ်ဖြာရောင်လင်း … ဒေါင်းမင်းဂေါယာ … ယွန်းလုလု ပျော်စံရာ တိမ်နီ… တိမ်ပြာ … မိလ္လာမြဆိုင်… ရှိုင်းတစ်ချို့ ၀ိုင်းလို့ရွှေဝါ x x x စိတ်ထဲ မှတ်စွဲသည် မိုးထက်  မိုးအာကာ  x x x  စုံမခြား … ဂဠုန်နဂါး … စုံများလှရုပ်ကောင် မှန်စွာ… သေချာ ဖွေရှာ မှန်းထင်ကြည့် … လွမ်းချင်သည့် စိတ်
က ၀ိပလ္လာ …
          ပြန်ကာ…လှန်ကာ…ရှေ့နောက်တွေး … ရေး … ရေး ခုမြင် … ရွှင်ပါနိုင်သည်ဘဲ … ကြွေလှသည် xxx (ကြွေလှသည်ငယ်ကို)၂… ငိုမလို့ ရီမလို ယောင်ကာ မဲ့မိ … လှောင်ပါနဲ့ တိမ်မင်း … ၀ဠာ xxx လေပြေလေညှင်း သွေးထွေးထွေးရှုပ်ရှုပ် မ— ပီပြင်ဘူး
(ရုပ်စုပေါင်း)၂(သူရကန် နေမင်းဒေါင်း ဂေါယာဝင်လို့ပြောင်း)၂ (ပျော်ကြောင်းခု ဖြေပါ…ဗျာပါ အ၀င့်သည်း … မိုက်လို့သာ မပျော် )၂ မိုက်လို့သာ ပျော်နိုင်ပေါင်။
 

No comments:

Post a Comment